Saturday, 09 April 2016 13:41

Huawei က ၂၀၁၅ ခုနှစ်အတွင်း ယွမ် ၃၉၅ ဘီလီယံအထိ ဝင်ငွေရရှိသည် ဟုဆို

Written by
Rate this item
(0 votes)

Huawei ၏ Carrier, Enterprise နှင့် Consumer Business Groups (BGs) အစရှိသည့် လုပ်ငန်းများမှ ယွမ်ငွေ ၃၉၅ ဘီလီယံ (ဒေါ်လာ ၆၀.၈ ဘီလီယံ) ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းပမာဏမှာ တစ်နှစ်ပြီးတစ်နှစ် ၃၇ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း၊ အသားတင်အမြတ်ငွေမှာ တရုတ်ယွမ် (CNY) ၃၆.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၇ သန်း) ဖြစ်ပြီး ၃၃ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

၂၀၁၅ ခုနှစ်အတွင်း Huawei ၏ စီးပွားရေးလုပ်ငန်း ကဏ္ဍသုံးခုမှ အရေးပါသော ကြီးထွားတိုးတက်မှုများကို ရရှိခဲ့ကြောင်း၊ The Carrier BG ကဏ္ဍမှ ယွမ် ၂၃၂.၃ ဘီလီယံ ( အမေရိကန်ဒေါ် လာ ၃၅.၈ ဘီလီယံ) ၀င်ငွေ ရရှိခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် ၂၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

The Enterprise BG ကဏ္ဍမှ ဝင်ငွေ ယွမ် ၂၇.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ) ရရှိခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် ၄၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီ၏ အဓိက ဆောင်ရွက်မှုအနေဖြင့် Huawei ၏ Consumer BG ကဏ္ဍမှ ယွမ် ၁၂၉.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉.၉ ဘီလီယံ) ဝင်ငွေရရှိပြီး တစ်နှစ်ပြီးတစ်နှစ် ၇၃ ရာခိုင်နှုန်းအထိတိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

Credit To >>> Internet Journal

Read 2236 times Last modified on Saturday, 09 April 2016 13:41