ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းလာသော်လည်း ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဈေးနှုန်းကျဆင်းမှု မရှိသဖြင့် စက်သုံးဆီ ဈေးနှုန်းများလျှော့ချရန် စက်သုံးဆီ တင်သွင်းနေသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ နိုဝင်ဘာ ၇ ရက်တွင် ခေါ်ယူညှိနှိုင်းခဲ့ကြောင်း သိရသည်။

 ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် တစ်ပတ်အတွင်း အပြောင်းအလဲမရှိဘဲ ယခုနှစ်အ တွင်း အမြင့်ဆုံးဈေးဖြင့် ရပ်တန့် နေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မြေကွက်အမှတ်(မမ-၁၆) မြေဧရိယာ ၇ ဒသမ ၆၇ ဧကပေါ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်း ရှစ်ခန်းတွဲ ငါးထပ်၊ အဆောက်အအုံ ၁၄ လုံး၊ အခန်းပေါင်း ၅၆ဝ ကို မန္တလေးတိုင်းဒေသကြီး အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော လုပ်သက်အနည်းဆုံးငါးနှစ်ရှိ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူများနှင့် ကုမ္ပဏီဝန်ထမ်းများအား လက်ငင်းငွေချေစနစ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျငွေချေစနစ်များဖြင့် ရောင်းချပေးမည်ဖြစ်သည်။
ဝင်ငွေနည်းပြည်သူတွေ၊ တန်ဖိုးနည်းတိုက်ခန်း လက်လှမ်းမမီသူတွေအတွက် အဌားအိမ်ရာတွေအကောင်အထည်ဖော်ဖို့ရှိနေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။
ယခုလကုန်ပိုင်းတွင် ကျင်းပမည့် မြန်မာနှစ်လယ် ကျောက်မျက် ရတနာပြပွဲ ၌ ကျောက်စိမ်းအတွဲပေါင်း ရှစ်ထောင်ခန့် ပါဝင်ပြသ ရောင်းချ မည်ဟု နိုင်ငံပိုင် မီဒီယာများက အင်္ဂါနေ့တွင် ဖော်ပြ သည်။ နှစ်လယ် ကျောက်မျက် ရတနာ ပြပွဲကို နေပြည်တော်၌ နိုဝင်ဘာ ၂၀ မှ ၂၉ အထိ ကျင်းပမည်ဖြစ်သည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ နိုဝင်ဘာ ၂ ရက်တွင် တိုကျို၌ တွေ့ဆုံရာ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများနေထိုင်ရာ   ဒေသများအတွက် လာမည့်ငါးနှစ်အတွင်း စီးပွားရေးအကူအညီ ယန်း ၄၀ ဘီလီယံဖိုးအား တိုးမြှင့်ကူညီသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးတွင်တည် ဆောက်လျက်ရှိ သည့် အခန်းပေါင်းရှစ်ထောင် အနက် ဆောက် လုပ်ပြီးစီးနေပြီဖြစ်သည့် အ ခန်းပေါင်း ၂၀၀၀ ကျော်ကိုလာမည့် ၂၀၁၇ ခုနှစ်တွင် အရစ်ကျ စနစ်ဖြင့် ရောင်း ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ချောင်းသာကမ်းခြေ တစ်လျှောက်ရှိ ကမ်းခြေဈေးသည်များအား နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ဈေးရောင်းချခွင့် ပိတ်ပင်ခဲ့ပြီး ဟိုတယ်များမှ ကမ်းခြေဧရိယာအတွင်း နေရာတိုးချဲ့ထားမှုများအား ဆက်လက် ဖယ်ရှားသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
နိုင်ငံအတွင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေကို စောင့်ကြည့်စစ်ဆေးတဲ့အဖွဲ့အစည်းတစ်ခုထားရှိဖွဲ့စည်းဖို့ ပြည်ထောင်စုအစိုးရကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က တိုက်တွန်းဖို့ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများမှာWater Taxi ပြေးဆွဲသွားရန်အတွက် ဆိပ်ကမ်း ၁၈ ခုကို
လျာထားသတ်မှတ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ သိရပါတယ်။

You are here:   HomeALL NewsLocal News