နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၁၆ ကျပ် ဆက်လက် မြင့်တက်လာရာ NLD အစိုးရလက်ထက် စံချိန်တင် ငွေလဲနှုန်းထားသစ် ထပ်မံဖြစ်ပေါ်လာပြီး ပြီးခဲ့သည့် သုံးလအတွင်း မြန်မာကျပ်ငွေ တန်ဖိုးမှာ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

အစိုးရသစ် စတင်တာဝန်ယူအပြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်နိုင်ငံခရီးစဉ်အပြီးတွင် ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ ပေးအပ်မည့် ကူညီထောက်ပံ့မှုများ၊ အတိုးနှုန်းသက်သာသော ချေးငွေများ၊ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုများ အပါအဝင် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံတွင် ရန်ကုန်-သန်လျင် တံတားသစ်တည်ဆောက်ခြင်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်သော အခြေခံအဆောက် အအုံများကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို အစိုးရသစ်သက်တမ်း ငါးနှစ်အတွင်း ပေးအပ်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများ အရည်အသွေးဆိုင်ရာ ထိန်းကွပ် ကြီးကြပ်စစ်ဆေးခြင်း လုပ်ငန်းများကို ယခင်ကမရှိခဲ့သော Third Party များအား အပ်နှံ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီများမှ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။

လူစီးမော်တော်ယာဉ်ဟောင်းတွေအပ်နှံကာ မော်ဒယ်မြင့်ဘတ်စ်ကားတွေ ပြန်လည်တင်သွင်းဖို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ညွှန်ကြားထားပေမယ့် အမှန်တကယ်အပ်နှံဖို့ စာရင်းသွင်းသနည်းပါးနေဆဲလို့ သိရပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်းနှင့် ခြံစည်းရိုးတစ်လျှောက် ရှိ ကင်းစခန်းများပြုပြင် ရန် ပြည် ထဲ ရေးဝန်ကြီးဌာနက လွှတ်တော်သို့ ဖြည့်စွက်ရန်ပုံငွေတောင်းခံ လိုက် ကြောင်း သိရသည်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုများ ရုပ်သိမ်းပြီဖြစ်သော် လည်း မြန်မာ့ကျောက်မျက် ရတနာပြပွဲသို့ အမေရိကန်ကုန်သည်များ တက်ရောက်ရန် စာရင်းပေးသွင်းထားခြင်းမရှိသေးကြောင်း ပြပွဲကျင်းပရေး ဗဟိုကော်မတီမှ သတင်းရရှိသည်။

Cloud နည်းပညာအသုံးပြုမှု အလားအလာကောင်းများရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံမှာ လည်း Cloudနည်းပညာအသုံးပြုတဲ့ ထွန်းသစ်စဈေးကွက် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာတယ်လို့ cloud နည်းပညာ အခြေပြုကုမ္ပဏီတစ်ခုဖြစ်တဲ့ Oracle ရဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာူ Natasak Radjanapiches ကပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနယ်စပ် တွင် လတ်တလောဖြစ်ပွားနေ သည့် အကြမ်းဖက်မှုများအပေါ် အလွန်စိုးရိမ်မှုရှိကြောင်း ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင် (အာနန်ကော်မရှင်)က သ တင်းထုတ်ပြန်သည်။
နိုင်ငံတွင်းစက်တပ်ယာဉ်အစီးရေ ၅ သန်းကျော်အထိရှိသော်လည်း အလုံးစုံမော်တော်ယာဉ်အာမခံထားရှိမှုမှာ ၁ သိန်းပင်မရှိပါဘူးလို့ မြန်မာ့အာမခံလုပ်ငန်းတာဝန်ရှိသူကပြောပါတယ်။
နိုင်ငံပိုင် သထုံအကြီးစားစက်ရုံမှာ တာယာနဲ့ ရော်ဘာပစ္စည်းအခြေခံစက်မှုလုပ်ငန်းများကို ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မယ်လို့ သိရပါတယ်။