Mg Lin

Mg Lin

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ၌ အစိုးရအပြောင်းအ လဲများ ဖြစ်ပေါ်ခဲ့သောကြောင့် လူ ထုကိုနှစ်စဉ်ပွင့်လင်းမြင်သာစွာ ချပြရမည့် ရေနံ၊ သဘာဝဓာတ် ငွေ့နှင့် ကျောက်စိမ်း၊ ကျောက် မျက်ရတနာများမှ ရရှိသည့် ဘဏ္ဍာအခွန်များကို ယခုနှစ်အတွင်းချပြနိုင်တော့မည် မဟုတ်ကြောင်း EITI ဖော်ဆောင်ရေး မြန်မာနိုင်ငံဆိုင် ရာ သုံးပွင့်ဆိုင်အဖွဲ့မှ သတင်းရရှိ သည်။

 

ပြည်တွင်းရွှေဈေးကွက် တွင် ဈေးအနည်းငယ်တက်လာပြီး နောက် လက်လီဆိုင်များ၌ အ ၀ယ်ပြန်လိုက်လာကြောင်း ပြည် တွင်းရွှေဈေးကွက်မှ သတင်းရရှိ သည်။
ကမ္ဘာပေါ်မှာ ငွေကြေးချမ်းသာတဲ့လူတွေဟာ အသက်အရွယ်ကြီးရင့်လာရင် နိုင်ငံရပ်ခြားမှာသွားရောက် အခြေချအနားယူကြတဲ့အဓိကအကြောင်းအရင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားလို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ ဆေးပညာပိုမိုခေတ်မီလာတာနဲ့မျှ အမေရိကန်နိုင်ငံနဲ့ ကနေဒါလိုမျိုးကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ ကို အာရှနဲ့ တစ်ခြားဒေသတွေမှာလည်း ပေးနိုင်နေပါတယ်။ တစ်ချို့နေရာတွေမှာဆေးကုသစရိတ်က အနောက်တိုင်းထက် အဖိုးအခပိုလို့တောင်သက်သာနိုင်ပါသေးတယ်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးစီမံကိန်းတွေမှာ တရုတ်ရဲ့ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုတွေကတော့ ယမန်နှစ်က ရာခိုင်နှုန်း၆၀ လောက်ထိ မြင့်တက်ခဲ့ပြီး စံချိန်တင် ဒေါ်လာ ၃၂ ဘီလီယံ ထိရောက်ရှိလာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်အစ ဧပြီမှ ဒီဇင်ဘာအထိ ကိုး လအတွင်း ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက်၍ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ် လာသုံးသန်း လှူဒါန်းမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ဇန်န၀ါရီ ၅ ရက်တွင် သတင်း ထုတ်ပြန်သည်။

ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှုစာချုပ်မှ နှုတ်ထွက်ဖို့နဲ့ အခြားသော သီးခြားရပ်တည်ရေး မူဝါဒတွေကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားထားခဲ့ပြီး ယင်းအခြေအနေတွေကြောင့် အမေရိကန်နဲ့ အာရှအကြား စီးပွားရေးဆက်ဆံမှုအပေါ် ထိခိုက်လာနိုင်လိမ့်မယ်ဆိုတဲ့ယူဆချက်တွေ ရှိထားခဲ့ပါတယ်။
မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့တွင် နိုင်ငံ တကာအဆင့်မီ ကျောက်မျက်ပြတိုက် နှင့် ရောင်းဝယ်ရေးစင်တာကို မိုး ကုတ်မြို့အလယ်ရှိ မုံကွင်းတွင်တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက် နေကြောင်း မိုးကုတ်မြို့နယ်စည်ပင် သာယာရေးကော်မတီထံမှ သိရ သည်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်က စတင်အသက်ဝင်ခဲ့ပြီဖြစ်တဲ့ အိုပက်အုပ်စုနဲ့အိုပက်မှာမပါတဲ့ ရေနံထုတ်လုပ်သူတွေ လျှော့ချထုတ်လုပ်မယ့်သဘောတူညီချက်နဲ့အတူ ယခုနှစ် ၂၀၁၇ နှစ်စပိုင်းမှာပဲ ရေနံဈေးနှုန်းတွေ တက်လာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဟံသာဝတီလေဆိပ်စီမံကိန်း စတင်ရန် ပြင်ဆင်မှုနှင့် ဒေါ်လာ၊ ရွှေ၊ ကား ဈေးကွက်များ ခိုင်မာမှုအားနည်းလာခြင်းကြောင့် အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုအနည်းငယ် ပြန်လည်ပြုလုပ်လာသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
<< Start < Prev 5 6 7 8 9 10 11 12 13 14 Next > End >>
Page 10 of 73
You are here:   HomeALL NewsLocal NewsMg Lin