Mg Lin

Mg Lin

ပါကစ္စတန်သည်  နျူကလီးယားထိပ်ဖူး တစ်ခုကို သယ်ဆောင်သွားနိုင်သော ၎င်း၏ ပထမဆုံး ရေငုပ်သင်္ဘောပစ် ခရုဇ်ဒုံးကျည်ကို ဇန်န၀ါရီ ၉ ရက်က ပစ်လွှတ်စမ်းသပ်ခဲ့သည်။ ထိုစမ်းသပ်မှုကြောင့် ပါကစ္စတန်သည် ယုံကြည်စိတ်ချနိုင်လောက်သော ဒုတိယမြောက် ပစ်ခတ်မှု စွမ်းရည်ကို ရရှိသွားပြီ ဖြစ်သည်ဟု ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

အမေရိကန် မရိန်းတပ်ဖွဲ့က ဂျပန်သို့ F-35B တိုက်လေယာဉ်တစ်စုကို စေလွှတ်လိုက်ပြီဖြစ်ကြောင်း ဇန်န၀ါရီ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းသည် အငြင်းပွားစရာ ဖြစ်နေသော F-35 လေယာဉ်များ၏ ပထမဆုံး ပြည်ပတပ်ဖြန့်မှု ဖြစ်လာခဲ့သည်။ ထို F-35 လေယာဉ်တို့သည် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ စေ့စေ့စပ်စပ်စစ် ဆေးမှုများနှင့်လည်း ရင်ဆိုင်နေရသည်။
ကုန်သွယ်မှုဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် ID (Import Declaration)/ED(Export Declaration) Form များတွင် မှန်ကန်စွာ ဖြည့်သွင်းခြင်း မရှိပါက သက်ဆိုင်ရာမှ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းလေးခု ဆောင်ရွက်နေသည့် ထိုင်းစတော့အိတ်ချိန်း SET စာရင်းဝင် လုပ်ငန်းတစ်ခုဖြစ်သော PTT Exploration and Production Plc (PTTEP)  ၏ ၂၀၁၇ ခုနှစ်အတွက် ကုမ္ပဏီဘတ်ဂျက် အသုံးစရိတ် ရာခိုင်နှုန်း ၃၀ လျှော့ချခဲ့ကြောင်း ထိုင်းအခြေစိုက် Bangkok Post သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

သစ်ထုတ်လုပ်မှုတွေ ရပ်နားထားပေမယ့်လည်း မြန်မာ့သစ်တောထွက်ပစ္စည်း ပြည်ပတင်ပို့မှုတွေ ကျဆင်းသွား ခြင်းမရှိဘူးလို့စီးပွားကူးသန်းဝန်ကြီးဌာနထုတ်ပြန်ချက်နဲ့ လုပ်ငန်းရှင်တွေထံကသိရပါတယ်။
ကမ္ဘာပေါ်က အဓိကနည်းပညာကုမ္ပဏီကြီးတွေထဲမှာတော့ Appleကုမ္ပဏီဟာ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေမှုအနည်းဆုံးနဲ့ ကိုက်ညီမှုအရှိဆုံး ကုမ္ပဏီအဖြစ် သုံးနှစ်ဆက်တိုက်သတ်မှတ်ခံခဲ့ရတယ်ဆိုပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Greenpeace ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံအစိုးရမှ တာဝန်ယူ တည်ဆောက်နေ သည့် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း ဆိပ်ခံတံတား (စစ်တွေဆိပ်ကမ်း) ကို ယခုလအတွင်း ဖွင့်လှစ်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၁၆ ရက်တွင် စတင်မည့် ရန်ကုန်မြို့၏ အများပိုင်ယာဉ်လိုင်း စနစ်တွင် ယခင် ကားတစ်ဆင့်သာ စီးရသည့် အခြေအနေမှ ယခု နှစ်ဆင့် သုံးဆင့် စီးရမည့် ခရီးစဉ်များ အပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ် တင်ပြခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ သိရသည်။
ခေါင်းဆောင်ကင်ဂျုံအန်း၏ အမိန့်တစ်ချက်ပေးရုံဖြင့် မည်သည့်နေရာတွင်မဆို တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်နိုင်ကြောင်း တနင်္ဂနွေနေ့တွင် မြောက်ကိုရီးယားနိုင်ငံက ကြေညာလိုက်ပြီး ၄င်းတို့၏ လက်နက်ဖွံ့ဖြိုးရေးအတွက် ပြစ်တင်နေသော အမေရိကန်ပေါ်လစီသည်ဆိုးရွားကြောင်း ပြောဆိုလိုက်သည်။
ပုပ္ပားတောင် ဝန်းကျင်တွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စစ်တမ်းကောက်ယူ မူများကို ၂၀၁၇ ဇန်နဝါရီလ ပထမအပတ်တွင် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ပုပ္ပားတောင် ချစ်သူများ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
<< Start < Prev 4 5 6 7 8 9 10 11 12 13 Next > End >>
Page 9 of 73
You are here:   HomeALL NewsLocal NewsMg Lin