Mg Lin

Mg Lin

ပြည်တွင်းစစ်ရပ်စဲ ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အစိုးရအနေဖြင့် ကြားဝင်ဆောင်ရွက်ပေးရန် မေ ၁ ရက် မွန်းလွဲ၂ နာရီက ရန်ကုန်မြို့ဗိုလ်စိန်မှန်ကွင်းတွင်ပြုလုပ်ခဲ့သည့် စစ်ပွဲများရပ်တန့်ရေး အတွက် ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင်သူ တစ်ဦးကပြောကြားလိုက်သည်။ ယင်းဆန္ဒပြပွဲကို ဦးဆောင်ပြု လုပ်သည့်ကိုခိုင်မိုးက ဟောပြောရာတွင် ယင်းသို့ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ၏ ပင်လုံညီလာခံကို တစ်လနှစ်လအတွင်း စတင်နိုင်ဖို့ ကြိုးစားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

စာချုပ်ပါစည်းကမ်းဖောက်ဖျက်မှုကြောင့် တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်အနေနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဒဏ်ကြေးအဖြစ် ကျပ်သန်းတစ်ထောင်ပေးဆောင်ရန် သတ်မှတ်ထားပြီး ပေးဆောင်ခြင်း မပြုပါက ခွင့်ပြုချက်မဲ့ တည်ဆောက်ထားသည့် ဆေးရုံအထပ် နှစ်ထပ်ဖျက်ရမည်ဖြစ်ကြောင်း အဆိုပါကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။

 


“သန်းတစ်ထောင်ပေးရင် လက်ရောက်ပြန်လွှဲပေးမယ်။ဆေးရုံဖွင့်ချင်ရင် လုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်လျှောက်”ဟု ၎င်းက ဆိုသည်။
ယင်းသို့ ဒဏ်ကြေးဆောင်ရန်အတွက် ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းက သတ်မှတ်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဒဏ်ငွေလာရောက်ပေးဆောင်ခြင်း မရှိသေးသဖြင့် ဒဏ်ငွေမပေးလိုပါက အထပ်နှစ်ထပ်ဖျက်ရန်နှင့် ယခင်စာချုပ်ပါအတိုင်း ပလာဇာအဖြစ်သာ ဖွင့်လှစ်ရန် လက်ရောက်ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
လတ်တလောတွင် တော်ဝင်နှင်းဆီ ဆေးရုံဖွင့်လှစ်ခဲ့သည့် အဆောက်အအုံကို စည်ပင်သာယာရေးကော်မတီက ပြန်လည်ရယူထားကြောင်း တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။
မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တော်ဝင်နှင်းဆီ အထူးကုဆေးရုံရှိ သုံးလွှာတွင် တရုတ်နိုင်ငံသား လုပ်ငန်းရှင်ဖွင့်လှစ်ထားသည့် Health News အထူးကုဌာနသည် လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေသဖြင့် ၂ဝ၁၄ ခုနှစ် အောက်တိုဘာလက စတင်စစ်ဆေးခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က တော်ဝင်နှင်းဆီဆေးရုံပိုင်ရှင်နှင့် ဆေးကုသခန်းမှ တရုတ်နိုင်ငံသားဆရာဝန်၊ သူနာပြုဆရာမပါ ခြောက်ဦးတို့ကို အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဆေးရုံတည်ဆောက်ထားသည့် မြေနေရာသည် မြန်မာ့မီးရထားပိုင်မြေကို ၁၉၉၇ ခုနှစ်က စတင်ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ၂ဝ၂၇ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

# The Voice Weekly

 

 

 

တရားမဝင်ခုတ်ယူမှု ပမာဏ မြင့်မားနေခြင်းကြောင့် ကျွန်းသစ်အရေအတွက် လျော့နည်းလာနေရာ ယခုနှစ်အတွင်းမှစ၍ ကျွန်းသစ်ကို လုံးဝထုတ်ယူခြင်း မရှိပဲ ရပ်ဆိုင်းနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပြောကြားသည်။

<< Start < Prev 64 65 66 67 68 69 70 71 72 73 Next > End >>
Page 73 of 73
You are here:   HomeALL NewsLocal NewsMg Lin