Thursday, 09 February 2017 10:27

မြစ်ဆုံရေလှောင်တမံ အပါအ၀င် ဧရာဝတီနှင့် သံလွင်မြစ်များပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ ဆုံးဖြတ်ချက်များ၌ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) အနေဖြင့် ပါဝင်မည်မဟုတ်ဟု ထုတ်ပြန်

Written by
Rate this item
(0 votes)
မြစ်ဆုံ ရေလှောင်တမံ အပါအ၀င် ဧရာဝတီမြစ်နှင့် သံလွင်မြစ်များပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများနှင့် စပ်လျဉ်းပြီး ဆုံးဖြတ်ချက်များချမှတ်ရာတွင် ကမ္ဘာ့ဘဏ် အုပ်စုအဖွဲ့ဝင်ဖြစ်သည့် နိုင်ငံတကာဘဏ္ဍာ ရေးကော်ပိုရေးရှင်း (IFC) အနေဖြင့် ပါဝင်မည်မဟုတ်ကြောင်း IFC က သတင်းထုတ်ပြန် လိုက်သည်။
 
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်လုပ်သည့် ရေလှောင်တမံ၂၆ ခုရှိပြီး ယင်းတို့အနက် ရှစ်ခုမှာ ဆက်လက်တည်ဆောက် နေဆဲဖြစ်ကြောင်း၊ ထပ်မံ၍ အခု ၅၀ တည် ဆောက်ရန် လျာထားကြောင်း၊ မြန်မာအစိုးရ ဦးဆောင်သည့် ရေအားလျှပ်စစ်ကဏ္ဍအတွက် လက်ရှိမဟာဗျူဟာမြောက် ပတ်ဝန်းကျင် အကဲဖြတ်ဆန်းစစ်မှု (SEA) အနေဖြင့် ပရောဂျက်အခု ၅၀ အနက် မည်သည်တို့ကို ဆက်လက်လုပ်ဆောင်နိုင်၊ မလုပ်ဆောင်နိုင်နှင့် စပ်လျဉ်းပြီး အကြံပြုပေးသွားမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် SEA သည် လျာထားသည့် သို့မဟုတ် အနာဂတ် ရေအားလျှပ်စစ်စီမံကိန်းများက ကံကြမ္မာမဟုတ်သောကြောင့် ဖြစ်ကြောင်းနှင့် ယင်းသည် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုအန္တရာယ်ရှိနိုင်ခြေများကို ဆုံးဖြတ်ချက် ချမှတ်သူများအား အသိပေးသည့် ကိရိယာတစ်ခုပင်ဖြစ်ကြောင်း IFC က ထုတ်ပြန်ထားသည်။
 
 
SEA ၏ အဓိကရည်ရွယ်ချက်သည် ရေရှည်တည်တံ့မှုဖြစ်ကြောင်း၊ ရေအားလျှပ် စစ်စီမံကိန်းများ၏ ပတ်ဝန်းကျင်အရ၊ လူမှုရေးအရ ရေရှည်တည်တံ့နိုင်မှုကို ဆုံးဖြတ်ချက်ချသူများက သေချာစေနိုင်ကြောင်း သိရသည်။
 
ဂေဟစနစ်များ၊ ဇီဝမျိုးကွဲမှု၊ လူမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နှင့် ပဋိပက္ခ ဖြစ်ပွားနေသည့် နေရာများတွင် ပါဝင်သင့် ပါဝင်ထိုက်သူများအနေဖြင့် ညှိနှိုင်းဆောင်ရွက်မှု မပြုနိုင်သည့် ထိပ်တန်းတန်ဖိုးများကို SEA က ကူညီဖော်ထုတ်ပေးကြောင်း၊ ပါဝင်သင့် ပါဝင်ထိုက်သူများ၏ တန်ဖိုးများကို ပိုမိုသိရှိနားလည်ပြီး အန္တရာယ်ရှိနိုင်ခြေ နည်းပါးမှု၊ အလတ်အလတ်ရှိမှုနှင့် မြင့်မားမှုတို့အလိုက် ရေအားလျှပ်စစ် တည်ဆောက်ရေး စီမံကိန်းများနေရာတွင် SEA က ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
အရေးကြီးသည့် အချက်မှာ SEA တွင် အန္တရာယ်ရှိနိုင်ခြေ နည်းပါးသည်ဟူသော ဖော်ပြချက်သည် ပရောဂျက် လုပ်ဆောင်သင့်သည်ဟု အလိုအလျောက် မီးစိမ်းပြခြင်း မဟုတ်သည်ကို သတိပြုစေလိုကြောင်း၊ အန္တရာယ်ရှိနိုင်ခြေ နည်းပါးသည့် နေရာများတွင် အဆိုပြုသည့် ပရောဂျက်တည်ဆောက်သူများအနေဖြင့် အသေးစိတ်သော ပတ်ဝန်းကျင်နှင့် လူမှုအကဲဖြတ်ဆန်းစစ်မှုကို လုပ်ဆောင်ရန်လိုအပ်ကြောင်း သိရသည်။
 
ပရောဂျက်တစ်ခုချင်းစီ၏ သက်ရောက်မှုများကို သိရှိနိုင်ရန်အလို့ငှာ ပရောဂျက်အားလုံးသည် ပတ်ဝန်းကျင်နှင့် လူမှုအကဲဖြတ် ဆန်းစစ်မှုကို လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ယင်းသည် SEA ပြဋ္ဌာန်းချက်၏ တစ်စိတ်တစ်ပိုင်း မဟုတ်ကြောင်း၊ SEA အနေဖြင့် ပိုမိုကောင်းမွန်သော ရေအားလျှပ်စစ်ဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရန် ရည်ရွယ်ကြောင်း၊ အစိုးရအနေဖြင့် မည်သည့်နေရာတွင် မည်သို့ တည်ဆောက်သင့်သည်ဟူသည့် အကြံပြုချက်မျိုး ပေးသွားမည်မဟုတ်ကြောင်း သိရသည်။
 
ထို့ကြောင့် အဆိုပါခေါင်းစဉ်အောက်ရှိ သက်ဆိုင်ရာ အရာထမ်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးရန်နှင့် ပရောဂျက်အဆင့် အကဲဖြတ်ဆန်းစစ်မှုများ မည်သို့လုပ်ဆောင်သင့်သည်ကို ကူညီပြဋ္ဌာန်းပေး သည့်လမ်းညွှန်ချက်များ ပြုစုဖော်ဆောင်နိုင်ရန် IFC အနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
 

 

Credit To >>> Eleven Media Group
Read 1584 times
You are here:   HomeALL NewsLocal Newsမြစ်ဆုံရေလှောင်တမံ အပါအ၀င် ဧရာဝတီနှင့် သံလွင်မြစ်များပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ ဆုံးဖြတ်ချက်များ၌ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) အနေဖြင့် ပါဝင်မည်မဟုတ်ဟု ထုတ်ပြန်