Friday, 08 April 2016 16:59

အိုင်တီနယ်ပယ်မှ စွန့်ဦးတီထွင်လိုသူများကို Lithan Group က အမေရိကန်ဒေါ်လာ ၃ သန်း ကူညီမည်

Written by
Rate this item
(0 votes)

အိုင်တီနယ်ပယ်မှ စွန့်ဦးတီထွင်လိုသူများကို Lithan Group က အမေရိကန်ဒေါ်လာ ၃ သန်း ကူညီမည်
နည်းပညာနှင့် ပတ်သက်၍ စွန့်ဦးတီထွင်မှုများ ပေါ်ပေါက်လာစေရန် Lithan Group က အမေရိကန်ဒေါ်လာ ၃ သန်း ထောက်ပံ့မှု ပြုလုပ် သွားမည်ဟု ကြေညာခဲ့သည်။

အချိန် ၃ နှစ်အတွင်း Startup ပေါင်း ၁၀၀ ကျော်နှင့် ပညာရှင်ပေါင်း ၄၀၀ ကျော် ပေါ်ထွက်လာစေရန် Lithan Group က အမေရိကန်ဒေါ်လာ ၃ သန်းကို အသုံးပြုသွားမည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇွန်လမှ စတင်၍ Startup များနှင့် ပညာရှင်များ ပေါ်ပေါက်လာစေရန် သင်တန်းပို့ချခြင်းကို ပြုလုပ်သွားမည်ဖြစ်ပြီး အရည်အချင်းရှိသော စွန့်ဦးတီထွင်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုအပြင် အခြားသော ကူညီထောက်ပံ့မှုများလည်း ပြုလုပ်ပေးသွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အစီအစဉ်ကို Lithan Technopreneur Accelerator ဟု အမည်ပေးထားပြီး ပထမဦးဆုံး သင်တန်းအတွက် လျှောက်လွှာများ ရန်ကုန်မြို့ရှိ Lithan တက္ကသိုလ်ကျောင်းတွင် လက်ခံနေခြင်း ဖြစ်သည်။ စွန့်ဦးတီထွင်ခြင်းများ ပြုလုပ်နိုင်မည့် ပညာရှင်အဆင့်သို့ရောက်ရှိရန် အဆင့်သုံးဆင့်ဖြင့် ၉ လအကြာ ကျော်ဖြတ်ရမည်ဖြစ်ပြီး အရည်အချင်း ပြည့်မီသူများကို ငွေကြေးထောက်ပံ့မှုနှင့်အတူ ဈေးကွက်အတွင်း ထိုးဖောက်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

Lithan Group သည် စင်ကာပူတွင် အခြေစိုက်ပြီး အာရှဒေသတွင် ပညာရေးကဏ္ဍကို ဦးဆောင်လုပ်ကိုင်နေခြင်း ဖြစ်သည်။ အာရှဒေသ၌ အိုင်တီ နည်းပညာကျောင်းပေါင်း ၇ ကျောင်းကို ဖွင့်လှစ်ထားသော Lithan Group သည် မြန်မာနိုင်ငံ၌ Lithan Technopreneur Accelerator ပရိုဂရမ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

# Internet Journal

Read 836 times
You are here:   HomeALL NewsLocal Newsအိုင်တီနယ်ပယ်မှ စွန့်ဦးတီထွင်လိုသူများကို Lithan Group က အမေရိကန်ဒေါ်လာ ၃ သန်း ကူညီမည်