အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ဆီးရီးယားနိုင်ငံကို ခြေကုပ်ယူထားပြီး ကမ္ဘာအဝန်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းရာတွင် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယားနိုင်ငံသို့ ပို့ကုန်အဖြစ် တင်ပို့မှုပိတ်ပင်တားမြစ်သည့် ကုန်ပစ္စည်းများစာရင်းကို တရုတ်နိုင်ငံ က ထုတ်ပြန်ကြေညာလိုက်ကြောင်း၊ ယင်းစာရင်းတွင် အစုအပြုံလိုက် ဖျက်ဆီးနိုင်သော လက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်မည့် ကုန်ပစ္စည်းများနှင့် နည်းပညာများ ပါဝင်ကြောင်း တရုတ်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အမေရိကန်မှာပဲ လုပ်ငန်းတွေပြန်လည်ရင်းနှီးမြှုပ်နှံပြီးတော့ ကားတွေ ပိုမိုထုတ်လုပ်ဖို့ နိုင်ငံရဲ့ ထိပ်တန်းကားကုမ္ပဏီကြီး သုံးခုက အကြီးအကဲတွေကို သမ္မတ ဒေါ်နယ်ထရမ့်က ခေါ်ယူညွှန်ကြားခဲ့တယ်လို့သိရပါတယ်။
အများကြိုက်ဝါဒ ကိုင်စွဲသော နိုင်ငံရေးသမားများ ကမ္ဘာတစ်ဝန်းတွင် မြင့်မားလာခြင်းကြောင့် ခြစားမှု တိုက်ဖျက်ရေးကို ထိပါးမည့် အန္တရာယ်ရှိနေကြောင်း ခြစားမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ Transparency International (TI) က ဇန်န၀ါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့တဲ့ ကာလအနည်းငယ်တုန်းကတော့ ကမ္ဘာတစ်ဝန်းလုံးကို ဆွဲဆောင်ထားနိုင်ခဲ့တဲ့ တရုတ်တို့ရဲ့ မိုးပျံကား (Elevated Car)ဟာတော့ ယခုအခါ ယင်းရဲ့ ရှေ့ရေးပိုင်းမှာ မရေမရာမသေမချာဖြစ်နေလျက်ရှိပြီးတော့ လမ်းတွေပေါ်မှာသို့ ယင်းအတွက်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေသာဖြစ်စေနေလျက်ရှိတယ်လို့ သိရပါတယ်။
မောင်းသူမဲ့ ကားပျံတွေဟာ ယနေ့ခေတ် နည်းပညာလောကမှာ ဆက်လက်အရေးပါတဲ့နေရာကနေ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ယင်းတို့ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ Airbus စီအီးအိုကလည်း မကြာခင် စတင်စမ်းသပ်နိုင်မယ်လို့ ယုံကြည်နေလျက်ရှိနေပါတယ်။
ထရန်စ်-ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီမှုမှ အမေရိကန် နုတ်ထွက်ရန် အထူးအမိန့်ကို ဒေါ်နယ်လ်ထရမ့်က လက်မှတ် ရေးထိုးခဲ့သည်။
အမေရိကန်-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပိုင်းဆိုင်ရာတင်းမာမှုတွေသာ အရှိန်မြင့်သွားခဲ့မယ်ဆိုရင် တရုတ်တို့ပစ်မှတ်ထားပိတ်ဆို့လာနိုင်မယ့် စာရင်းထဲမှာ ကန်လေယာဉ်ထုတ်လုပ်ငန်းစုကြီး Boeing နဲ့ စိုက်ပျိုးရေးကုမ္ပဏီတွေ ထိပ်ဆုံးကနေ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတသစ်ဖြစ်လာခဲ့တဲ့ ဒေါ်နယ်ထရမ့်က ၎င်းရဲ့ ပထမဆုံးမိန့်ခွန်းမှာတော့ နိုင်ငံမှာအလုပ်အကိုင်ပမာဏပေါင်းများစွာ ရှာဖွေဖန်တီးပေးသွားမယ့်ဆိုတဲ့အကြောင်းကို ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အမေရိကန်အစိုးရဟာ သမ္မတသစ်ဖြစ်လာမယ့် Donald Trump နစ်နာအောင် သတင်းမှားတွေ ဖြန့်နေတယ်လို့ ရုရှားသမ္မတ Vladimir Putin က ပြောလိုက်ပါတယ်။