အခုဘဏ္ဍာနှစ်ရဲ့ ပြည်ပသွင်းကုန်ပစ္စည်းတင်သွင်းမှုတွေ လျော့နည်းကျဆင်းနေဆဲပဲလို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရသိရပါတယ်။

 

မြန်မာ့အထည်ချုပ် လုပ်ငန်းများ အမေရိကန်ထံမှ GSP (ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး) ရှိမည် မဟုတ်သော်လည်း အီးယူနှင့် ဂျပန်နိုင်ငံတို့မှ အော်ဒါမှာယူမှု မြင့်တက်နေသဖြင့် ယခုနှစ်တွင် အထည်ချုပ် တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၁ ဘီလျံအထိ ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်း၌ လက်ကျန်များနေသဖြင့် ယခုနှစ် မိုးစပါးအသစ် စတင်ပေါ်လာချိန်တွင် စပါးဈေး ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်ပါက ရင်းနှီးမြှုပ်နှံမှုများ နည်းပါးသွားနိုင်ကြောင်း အောက်တိုဘာ ၅ ရက်က ရန်ကုန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံးတွင် ပြုလုပ်သည့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် Habib Rab က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေး ဆက် တိုက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းပုဂ္ဂလိက ဘဏ်အချို့ ၌ ဒေါ်လာအရောင်း ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

 

မြို့ပြနေထိုင်သူ ၉၀ ရာခိုင်နှုန်းရဲ့ မိသားစုဝင်ငွေက ကျပ် ၃ သိန်းအောက်ရောက်နေတာကြောင့် အိမ်ရာပိုင် ဆိုင်ဖို့ အခွင့်အရေးနည်းပါးနေဆဲပဲလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြနဲ့မြေယာစီမံခန့်ခွဲရေးကော်မတီ ဒုတိယဌာနမှုးဦးတိုးအောင်က ပြောပါတယ်။ဝင်ငွေနည်းပြည်သူတွေအတွက် အစိုးရကတန်ဖိုးနည်းတိုက်ခမ်းအိမ်ရာပေါင်း ၈၀၀၀ ကျော်ထပ်မံအကောင် အထည်ဖော်ပးနေပေမယ့် မိသားစုဝင်ငွေနည်းတာကြောင့် အောက်ခြေပြည်သူလူထုအတွက် အိမ်ရာပိုင်ဆိုငခွင့်နည်းပါးနေဆဲဖြစ်တယ်လို့ မြို့ပြပညာရှင်တွေက ပြောပါတယ်။

နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၂၀ မှ ၂၉ ရက်အထိ နေပြည်တော်မှာ ကျင်းပပြုလုပ် သွားမယ်လို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သိရပါတယ်။
နိုင်ငံ့ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော်အထိရှိလာနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကသိရပါတယ်။
ထိုင်းနိုင်ငံမှ ငါးနှင့်ပုစွန် များ တရားဝင်တင်သွင်းရောင်းချ ခွင့်ပြုရန် ပြည်တွင်းကုမ္ပဏီ မြန်မာအိုးရီးယင့်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြထားပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ခွင့်ပြုရန်အကြံပြုထားကြောင်း သတင်းရရှိသည်။ မြန်မာအိုးရီးယင့်ကုမ္ပဏီက ထိုင်းနိုင်ငံမှ ငါးနှင့်ပုစွန်စုစုပေါင်းဆယ်မျိုး တင်သွင်းရန် တင်ပြထားပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ငါးရောင်၊ ကကတစ်၊ ငါးပြေမ၊ ငါးရံ့၊ ဗနားမီးပုစွန်၊ ရေငန်ပုစွန်ဖြူနှင့် ရေချိုပုစွန်ဖြူတို့ကို ခွင့်ပြုသင့်ကြောင်း အကြံပြုထားခြင်း ဖြစ်သည်။
စာရင်းဝင် အများပိုင်ကုမ္ပဏီ မြန်မာသီလဝါ အက်စ်အီးဇက်ဟိုးဒင်း (MTSH) ကုမ္ပဏီသည် ရှိရင်းစွဲ ရှယ်ယာအရေအတွက်ကို (တစ်စုကို ၁၀ စုနှုန်း) ပြောင်းလဲ ခွဲခြမ်းသတ်မှတ်ရန် ကုမ္ပဏီ၏ တတိယအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။
<< Start < Prev 2 3 4 5 6 7 8 9 10 11 Next > End >>
Page 7 of 12