ရန်ကုန်စတော့ အိတ်ချိန်းတွင် သီလ၀ါ ရှယ်ယာဈေးပြုတ်ကျခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၄၂၀၀၀သာ ကျန်ရှိကာ သြဂုတ် ၁၄ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၄၅၀၀၀ မှ ကျပ် ၃၀၀၀ ပြုတ်ကျခဲ့ပြီး ရန်ကုန်စတော့ အိတ်ချိန်း မစတင်မီဖြစ်ပေါ်ခဲ့သည့် ကျပ် ၈၀၀၀၀ ကျော်၏ ထက်ဝက်ခန့်သာ ဈေးနှုန်းဖြစ်ပေါ်နေကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ နေ့စဉ် အရောင်းအ၀ယ် ဖြစ်ပေါ်နေသည့် အချက်အလက်များအရ သိရသည်။

အစိုးရသစ်လက်ထက် ယခုဘဏ္ဍာနှစ်အစ ဧပြီမှ ဇူလိုင် လအထိ လေးလတာကာလအ တွင်း ကုန်သွယ်မှုပမာဏအမေရိ ကန်ဒေါ်လာ ၈ဘီလီယံရှိပြီး ကုန် သွယ်မှုလိုငွေဒေါ်လာ ၁ဒသမ၅ ဘီလီယံကျော်ရှိကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် ညှိနှိုင်းကာ စက်မှုဇုန်များကို တိုးချဲ့ပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
အများပိုင်ကုမ္ပဏီများအနေနှင့် အစုရှယ်ယာရောင်းချမှုများ ပြုလုပ်မည်ဆိုပါက ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) တွင် အတည်ပြု ချက် ရယူခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ခြင်း လုပ်ဆောင်ပြီးမှ အစုရှယ်ယာ ဖိတ်ခေါ်ခြင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း DICA က သြဂုတ် ၂ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

ဂျပန် အီလက်ထရောနစ် ကော်ပိုရေးရှင်းတစ်ခုဖြစ်တဲ့ Panasonic ဟာ ရှေ့လာမယ့် သုံးလေးလ ကာလထဲမှာပဲ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဆီကို ယင်းရဲ့ စမတ်ဖုန်းထုတ်လုပ်ရောင်းချရေးလုပ်ငန်းတွေချဲ့ထွင်လုပ်ကိုင်သွားတော့မှာဖြစ်ပါတယ်။ ဂျပန် ကုမ္ပဏီဟာဆိုရင်ဒေသတွင်း မိုဘိုင်းဖုန်း ပစ္စည်းတွေ ၀ယ်လိုအားကောင်းနေတဲ့အခွင့်အရေးကို အမိအရ ရယူပြီး ၀င်ငွေတွေ ဖန်တီးရှာဖွေနိုင်ဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

နိုင်ငံခြားကနေ တင်သွင်းလာတဲ့ကုန်ကြမ်းတွေကို အချောထည်အဖြစ်ပြုပြင်ကာ ပြည်ပဈေးကွက်တွေကို ပြန်လည်ထိုးဖာက်နိုင် တဲ့ Re-exportစနစ်လုပ်ကိုင်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံရေထွက်ပို့ကုန်လုပ်ငန်းရှင်းများ
အသင်းကပြောပါတယ်။

အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များကို အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေ ထုတ်ချေးနိုင်ရန်အတွက် ဒိန်းမတ်နိုင်ငံထံမှ အမေရိကန် ဒေါ်လာသန်း ၈ဝ ချေးငွေ ရရှိရန် မြန်မာအစိုးရနှင့် ဒိန်းမတ်အစိုးရတို့အကြား သဘောတူ လက်မှတ် ရေးထိုးထားကြောင်း စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။

ငွေမည်းများကို ငွေဖြူဖြစ်အောင် လုပ်ပေးနေကြောင်း ဝေဖန်ခံနေရသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအား အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံနေသည့် စနစ်ကို ဖျက်သိမ်းရန် သမ္မတထံ အကြံပြုတင်ပြမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဇူလိုင် ၁၈ ရက်တွင် ပြောကြားသည်။

၂၀၁၆ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၈၃၇ ခုမှ ဒေါ်လာ ၅၃၃၄၈ သန်းကျော် ရရှိထားပြီး တရုတ်နှင့် စင်ကာပူမှ ဆက်လက် ဦးဆောင်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ငွေလဲကောင်တာ (Money Changer)များကို ကိုင်ဆောင်ခွင့်ပေးထားသည့် အမေရိကန်ဒေါ်လာငွေပမာဏကို တိုးမြှင့်ပေးရန် ဗဟိုဘဏ်သို့ တောင်းဆိုထားကြောင်း ငွေလဲကောင်တာလုပ်ငန်းရှင်များထံမှ သိရသည်။

<< Start < Prev 3 4 5 6 7 8 9 10 11 12 Next > End >>
Page 10 of 12