Wednesday, 25 May 2016 10:11

KBZ Gateway နဲ့ အမေရိကန်အခြေစိုက် Hughes တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်စေဖို့အတွက် ဆောင်ရွက်မယ်

Written by
Rate this item
(0 votes)

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍပိုမိုကောင်းမွန်စေဖို့အတွက်

KBZ Gateway နဲ့ အမေရိကန်အခြေစိုက် Hughes Network 
Systems LLC (Hughes) တို့ ပူးပေါင်းပြီး ဂြိုလ်တုဆက်သွယ်ရေး
ဝန်ဆောင်မှုများကို VSAT နည်းပညာနဲ့ ဖြန့်ဖြူးပေးသွားမယ်လို့ KBZ Gateway က ထုတ်ပြန်လိုက်ပါတယ်။

 

KBZ Gateway ရဲ့ Very Small Aperture Terminal (VSAT)
နည်းပညာကို ယမန်နေ့က မိတ်ဆက်ပြသခဲ့ပြီး သုံးစွဲသူများအတွက်
ယုံကြည်စိတ်ချရသော ချိတ်ဆက်မှုနဲ့ မြန်ဆန်လုံခြုံသောထောက်ပံမှုများကို
ပြုလုပ်ပေးသွားနိုင်မယ်လို့ သိရပါတယ်။

KBZ Gateway၊ အမှုဆောင်အရာရှိချုပ် Mr. Stephane Lamoureux
က VSAT နည်းပညာနဲ့ မြန်မာနိုင်ငံကို ခေတ်သစ်ဆက်သွယ်ရေးစနစ်တစ်ခု
ဖြစ်လာအောင် ကူညီပေးရတဲ့အတွက် ယခင်ထက်
ပိုမိုတိုးတက်ကောင်းမွန်ပြီး မြန်ဆန်တဲ့ ချိတ်ဆက်မှုကို ထောက်ပံ့ပေးခြင်း
ကြောင့် နိုင်ငံတစ်ဝှမ်းရှိ လုပ်ငန်းများတိုးတက်နိုင်ရန် KBZ Gateway မှ 
ပံ့ပိုးပေးနိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။

KBZ Gateway ရဲ့ မိတ်ဖက်ကုမ္ပဏီတွေဖြစ်တဲ့ Hughes Network Systems LLC နဲ့ Asia Satellite Telecommunication တို့က
ကမ္ဘာ့ထိပ်တန်း ဂြိုလ်တုဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်တယ်လို့ 
သိရပါတယ်။

KBZ Gateway ရဲ့ ဂြိုလ်တုဆက်သွယ်ရေး မြေပြင် ထိမ်းချုပ်ရေးစခန်းကို
ပဲခူးမြို့မှာ တည်ဆောက်လျက်ရှိပါတယ်။

KBZ Gateway ကုမ္ပဏီလီမိတက်ကို နိုင်ငံတော်နဲ့ စီးပွားရေး
နယ်ပယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ဖို့နဲ့ 
ကမ္ဘောဇအုပ်စုကုမ္ပဏီများရဲ့ နည်းပညာဆိုင်ရာ လုပ်ဆောင်မှုများကို
တိုးချဲ့လုပ်ဆောင်နိုင်ဖို့အတွက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။


Credit To >>>SFJ Strategy First Journal

Read 1118 times