Thursday, 09 February 2017 10:38

ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြမှုနှင့်အတူ ဒေါ်လာဈေး လိုက်ပါမြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၉၅၅၀၀ အထိ ရောက်ရှိလာရာ စံချိန်တင် ရွှေဈေးကိုမီရန် ကျပ် ၄၀၀၀ ကျော်သာ လို

Written by
Rate this item
(0 votes)

ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြမှုနှင့်အတူ ဒေါ်လာဈေးနှုန်း လိုက်ပါမြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၉၅၅၀၀ အထိရောက်ရှိလာရာ စံချိန်တင်ရွှေဈေးနှုန်းကို မီရန် ကျပ် ၄၀၀၀ ကျော်သာ လိုတော့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

 

ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ဆက်တိုက် မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် ၁၂၃၅ ဒေါ်လာအထိ ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီ ၈ ရက်တွင်လည်း ၁၂၃၅ ဒသမ ၂၂ ဒေါ်လာဖြင့် စဖွင့်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် ၁၂၃၇ ဒေါ်လာအထိ ဆက်လက်မြင့်တက်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၅ ရက်က တစ်အောင်စ ဒေါ်လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်အထိ ၁၁၃၃ ဒေါ်လာဝန်းကျင်တွင်ရှိခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၂၇ မှစ၍ ဈေးပြန်တက်လာပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ၁၁၄၅ ဒေါ် လာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၁၄၉ ဒေါ်လာ၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၁၅၉ ဒေါ်လာ၊ ဇန်န၀ါရီ ၄ ရက်တွင် ၁၁၆၆ ဒေါ်လာ၊ ဇန်န၀ါရီ ၉ ရက်တွင် ၁၁၇၆ ဒေါ်လာ၊ ဇန်န၀ါရီ ၁၀ ရက်တွင် ၁၁၈၆ ဒေါ်လာ၊ ဇန်န၀ါရီ ၁၂ ရက် မှစတင်ကာ ဒေါ်လာ ၁၂၀၀ အထက် ရောက်ရှိလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် ၁၂၃၇ ဒေါ်လာအထိ ဆက်လက်မြင့်တက်လာခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်က ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ် ၈၈၀၂၀၀ အထိ မြင့်တက်သွားပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၈၇၆၇၀၀ ၀န်းကျင် ဈေးနှုန်းရှိခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ကျပ် ၈၈၀၃၀၀ အထိ ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၈၈၁၅၀၀၊ ဖေဖော်ဝါရီ ၇ ရက်တွင် ကျပ် ၈၈၇၁၀၀၊ ဖေဖော်ဝါရီ ၈ ရက်တွင် ၈၉၅၅၀၀ အထိရောက်ရှိလာခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် အောက်တိုဘာ ၄ ရက်က ကျပ် ၉၀၀၂၀၀ အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၂ ရက် နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းမှုကြောင့် ရွှေဈေးပြန်ကျလာပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ၂၀၁၆ ဇူလိုင်လကုန်ပိုင်း နောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ကျပ် ၈၄၀၀၀၀ အောက် ပြန်ရောက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၇ ရက်နောက်ပိုင်းမှ စတင်ကာ ကျပ် ၈၄၃၀၀၀ အထက် ပြန်ရောက်ခဲ့ပြီး ဇန်န၀ါရီ ၈ရက်တွင် ကျပ် ၈၅၀၀၀၀ အထက်၊ ဇန်န၀ါရီ ၁၀ ရက်တွင် ကျပ် ၈၆၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့သည်။ ဇန်န၀ါရီ ၂၄ ရက်တွင် ကျပ် ၈၇၇၇၀၀ အထိ ရောက်ရှိခဲ့ပြီး ဇန်န၀ါရီ ၂၇ ရက်တွင် ကျပ် ၈၆၁၈၀၀ အထိ ပြန်လည် ကျဆင်းခဲ့သည်။ ဇန်န၀ါရီ ၃၀ တွင် ကျပ် ၈၇၀၀၀၀ အထက်ကို ပြန်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၈၈၀၀၀၀ အထက်သို့ ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီ ၈ ရက်တွင် ၈၉၀၀၀၀ အထက် ပြန်လည်ရောက်ရှိလာရာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်၌ ဖြစ်ပေါ်ခဲ့သော ကျပ် ၉၀၀၀၀၀ ကျော် ဈေးနှုန်းကို မီရန် ကျပ် ၄၀၀၀ ကျော်သာ လိုတော့ခြင်း ဖြစ်သည်။ 

Credit To >>> Eleven Media   Group

 

Read 2006 times