Thursday, 19 January 2017 11:13

နှစ်နိုင်ငံကုန်သွယ်မှု တိုးချဲ့ရေးကိစ္စရပ်တွေ ဆွေးနွေးဖို့ ထိုင်းကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ လာမည်

Written by
Rate this item
(0 votes)
နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နယ်စပ်ကုန်သွယ်မှု စတဲ့ အပိုင်းတွေမှာ တိုးချဲ့လုပ်ဆောင်သွားနိုင်ဖို့အရေး ဆွေးနွေးဖို့ထိုင်းကိုယ်စားလှယ်အဖွဲ့တစ်ခု လာမယ့် ဖေဖော်ဝါရီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။
 
ယင်း ကိုယ်စားလှယ်အဖွဲ့ကိုတော့ ထိုင်းဒုတိယ၀န်ကြီးချုပ် Somkid Jatusripitak က ဦးဆောင်လာမယ်လို့ သိရပါတယ်။အဖွဲ့ဝင် ၄၀ ပါဝင်မယ့် ယင်းကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာဘက်ကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံသွားဖို့ရှိနေပြီး နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာငွေကြေးပိုင်းနဲ့ ငွေလုံးငွေရင်း ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာနဲ့ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
 
အလားတူ ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ ၎င်းတို့ရဲ့ ခရီးစဉ်အတွင်းမြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
 
" ရင်းနှီးမြှုပ်နှံမှု၊ အထူးသဖြင့်တော့ နယ်စပ်တစ်လျှောက် ကုန်သွယ်မှုကိစ္စတွေကို ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ၊ Singkhon နဲ့ မြိတ် ၊Phu Nam Ron နဲ့ ထားဝယ် တို့ကိုချိတ်ဆက်ထားတဲ့ လမ်းတွေ အဆင့်မြှင့်တင်ဖို့ကိစ္စတွေလည်း ဆွေးနွေးသွားဖို့ရှိပါတယ်၊ အလားတူမဲဆောက်နဲ့ မြ၀တီ အကြား ပူးပေါင်းအထူးစီးပွားရေးဇုန်တစ်ခု နဲ့ပတ်သက်လို့လည်း ပြောဆိုဖို့ရှိနေပါတယ်" လို့ ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဌ Mr Isara Vongkusolkit က ပြောသွားပါတယ်။
 
 
Credit To >>> SFJ Strategy First Journal
Read 1557 times